Saturday 14 April 2012

နှစ်သစ်ဆုတောင်း မင်္ဂလာရှိသောနှစ်သစ်မှာ မြန်မာပြည်သူ၊ပြည်သား တိုင်းရင်သားအားလုံးရွှင်လန်းချမ်းမြေ့ပါစေ ။



နှစ်သစ်ဆုတောင်း

မင်္ဂလာရှိသောနှစ်သစ်မှာ မြန်မာပြည်သူ၊ပြည်သား တိုင်းရင်သားအားလုံးရွှင်လန်းချမ်းမြေ့ပါစေ ။


၂၀၁၂ ခုနှစ်သည် ဖေ့စ်ဘွတ်ဘလောဂ့်ရပ်ဝန်းတွင်သာမကမြန်မာပြည်သူ၊ပြည်သားအားလုံးရဲ့ တူညီသောမျှော်လင့်ချက်များ ပြည့်ဝစေနိုင်မယ့် နှစ်တစ်နှစ်၊သို့မဟုတ် အလင်းရောင်မြင်နိုင်သော၊ကြည့်နိုင်သောနှစ်တစ်နှစ် ဖြစ်နိုင်ပါစေလို့ ဆန္ဒပြု၊ဆုမွန်ကောင်းတောင်းအပ်ပါသည်။


အချိန်တွေလည်းဟောင်း
ရာသီတွေလည်းပြောင်းလို့
နှစ်သစ်ကိုတောင်ရောက်ခဲ့ပြီ

အာဏာရှင်များ
ကြီးပွားပါစေ
ဆုတောင်းပါ၏၊

အဲဒါမှ . . . . .
သူတို့နှိပ်စက်
ခံရခက်တော့
သံသရာဘေး
လွတ်မြောက်ရေးကို
တွေးတောကြံဆ
တရားရကာ
ဘဝထိုထို
လွတ်မြောက်ရာလမ်း
နိဗ္ဗာန်နန်းသို့
မြန်မြန်တိုတို
ရောက်ရပါလို့၏

ထိုမှာတပါး


မြန်မာပြည်သူ ပြည်သား အပေါင်းများတို့ အနာရောဂါကင်းရှင်းလို့ ကျန်းမာချမ်းသာစွာဖြင့် ဤနှစ်သစ်ကိုလှမ်းနိုင်ပါစေလို့တောင်းဆုပြုသည်....................


စက်တင်ဘာထာဝရ

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။