Thursday 24 May 2012

ရေဘေးဒုက္ခသည်များရှိရာထံသို့ ရေနှင့်စားစရာများသွားရောက်လှူဒါန်း


NLD-BG နှင့် သွေးမေတ္တာအသင်း ရေးဘေးဒုက္ခသည်များထံသို့ ရေနှင့်စာသောက်ဖွယ်များ သွားရောက်လှူဒါန်း

NLD-BG တာဝန်ခံဒါရိုက်တာ ကိုညီညီနှင့် တောင်ဒဂုံစက်မှုဇုံ (၃) သွေးမေတ္တာအခမဲ့ သွေးအလှူတော်အသင်းအဖွဲ့မှ မစိုးစိုးဦးစီးသော အဖွဲ့တို့ ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေ သကြီး သုံးခွမြို့နယ်၊ရဲနွဲ့ကျေးရွာ၊မြင်းမကန်ရွာ၊ကျိုက်ထီးကန်အရှေ့ကွင်းရှိ ရေဘေးဒု က္ခသည်များထံသို့ ၂၀ လီတာဆန့်ရေဗူးပေါင်း ၆၀၀ ကျော်ကို လှူဒါန်းနိုင်ခဲ့သည်ဟု စေတနာရှင် မစိုးစိုးမှ ပြောကြားပါသည်။
        သွေးမေတ္တာအသင်းမှ မစိုးစိုးသည် ဒီနေ့နှင့်ဆို ရေဘေးဒုက္ခသည်များရှိရာထံသို့ ရေဗူးများသွားရောက်လှူဒါန်းနေသည်မှာ လေးရက်မြောက်ဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့ပါသည်။ အခုဆို ရေဘေးဒုက္ခသည်များ မီးဘေးဒုက္ခသည်များ မြန်မာနိုင်ငံ တွင် တနေ့တနေ့ ပိုတိုးလို့ ပိုဆိုးလို့သာ လာနေပါသည်ဆိုသည်ကိုလည်း ရေလှူလိုက် လာသော လူငယ်လေးတစ်ဦးမှလည်း လက်ရှိမြန်မာပြည်တွင်ဖြစ်ပျက်နေသည်ကို သုံးသပ်ပြီး ပြောဆိုပါသည်။
`      NLD-BG မှ တာဝန်ခံကိုညီညီကလည်း ရေဘေးဒုက္ခသည်များကို တာဝန်ရှိသော သက်ဆိုင်ရာလူကြီးများနှင့် စေတနာရှင် မေတ္တာရှင် မိဘပြည်သူများအနေဖြင့်လည်း တတ်နိုင်သလောက် စွမ်းနိုင်သလောက် လှူဒါန်းကြဖို့ကိုလည်းတိုက်တွန်းလိုက်ပါသည်။ မစွမ်းနိုင်လို့ အချိန်မပေးနိုင်သည့် မိဘပြည်သူများအနေဖြင့်လည်း တောင်ဒဂုံ ၊ NLD-BG နှင့် ပူးပေါင်းပြီး လှူဒါန်းနိုင်ကြောင်းသိရှိရပါသည်။
NLD-BG နှင့် ပူးပေါင်းလှူဒါန်းလိုသူများ ဆက်သွယ်ရန်-
၀၉-၇၃၁၂၅၈၈၅။ ၀၉-၇၃၁၇၀၁၆၅။
ဓာတ်ပုံ သတင်း=လင်းဆက်

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။