Friday 8 June 2012

မောင်တောမြို့တော်ခန်းမ အနီးရှိအိမ်များကို ဘင်္ဂါလီများက လူအုပ်စုဖြင့် မီးရှို့ဖျက်ဆီးနေသဖြင့် ဒေသခံများ ထွက်ပြေးနေရ၊ အခြေအနေကို အလျင်အမြန် ထိန်းသိမ်းနိုင်ရန် လိုအပ်နေ

 
မောင်တောမြို့ရဲ့ လက်ရှိအခြေအနေမှာတော့ ဘင်္ဂလီတွေက ဆုတောင်းပွဲကိုအကြောင်းပြုပြီး လူအုပ်စုနဲ့ ဆူပူအုံကြွဖို့ကြိုးစားလာတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေက သေနတ်အချက်လေးဆယ်ခန့် မိုးပေါ်ထောင်ပစ်ဖောက်ပြီး လူစုခွဲရန်ကြိုးစားခဲ့တယ်လို့ သိရပါတယ်။ အကယ်၍ အဆိုပါဘင်္ဂလီများမှ နောက်တစ်ကြိမ် ရုန်းရင်းဆန်ခတ်လုပ်ပြီး အကြမ်းဖက်ရန်ကြိုးပမ်းလာမယ်ဆိုရင် လူအုပ်ထဲသို့တိုက်ရိုက်ပစ်ခွင့်ပြုထားကြောင်း မောင်တောရဲစခန်းမှ လေးဝတီကိုပြောပြသွားပါတယ်။
ခုချိန်မှာတော့ ဆူပူသောင်းကျန်းနေတဲ့ ဘင်္ဂလီလူအုပ်ကြီးကို ရဲတွေက လူစုခွဲလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ညအချိန် မောင်တောမြို့ခံ ဗုဒ္ဓဘာသာဝင်တွေရဲ့ လုံခြုံရေးက စိုးရိမ်ရတဲ့အနေအထားမှာရှိတယ်လို့ မောင်တောမြို့ခံတစ်ဦးက လေးဝတီကိုပြောပြသွားပါတယ်
 မောင်တောမြို့တော်ခန်းမ အနီရှိအိမ်များကို ဘင်္ဂါလီများက လူအုပ်စုဖြင့် မီးရှို့ဖျက်ဆီးနေသဖြင့် ဒေသခံများ ထွက်ပြေးနေရကြောင်းနှင့် လက်ရှိ ဆိုးရွားနေသော အခြေအနေကို အလျင်အမြန်ထိန်းသိမ်းနိုင်ရန် လိုအပ်နေကြောင်း ဒေသခံများထံမှ သတင်းရရှိပါသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် လူထောင်ချီရှိသော ဘင်္ဂါလီ ရိုဟင်ဂျာများမှ မြို့တော်ခန်းမအနီရှိ အိမ်များကို ယနေ့ မွန်းလွဲပိုင်းမှ စ၍ မီးရှို့ဖျက်ဆီးနေပြီး ဒေသခံ အများစုက မိမိအိမ်နှင့် ဝေးရာသို့ ထွက်ပြေးနေရကြောင်း သိရသည်။ အဆိုပါ မီးရှို့ဖျက်ဆီးခံရသော အိမ်များအနက် မောင်တောမြို့ ရွာသစ်ရပ်ကွက်ရှိ Weekly Eleven News Journal သတင်းထောက်၏ နေအိမ်လည်း ပါဝင်ကြောင်း သိရှိရသည်။ မောင်တောမြို့လုံခြုံရေးကို ရဲတပ်ဖွဲ့မှ တာဝန်ယူပြီး အင်အား ၂၀၀ ၀န်ကျင်ခန့်သာရှိကြောင်း သိရသည်။ လက်ရှိအခြေအနေမှာ ထိန်သိမ်းရန် ခက်ခဲသော အခြေအနေ ရှိနေကြောင်း ဒေသခံတစ်ဦးမှ ပြောကြားပါသည်။

နောက်ဆက်တွဲအခြေအနေများကို ဆက်လက်ဖေါ်ပြသွားပါမည်။

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။