Tuesday 4 September 2012

၅နှစ်ပဲရှိသေးတယ်...မေ့သွားကြပြီလား.


၅နှစ်ပဲရှိသေးတယ်...မေ့သွားကြပြီလား.....ထောင်ထဲမှာဘုန်းကြီးတွေကျန်နေသေးတယ်....၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး စတင်ပေါက်ဖွားလာမည့် အစသမိုင်းမှတ်တမ်း (We Salute Walkers) - ကုန်ဈေးနှုန်းကျဆင်းရေး ချီတက်လမ်းလျှောက်ဆန္ဒပြမှု သြဂုတ်လ ၂၀၀၇မေ့သွားကြတာ ရင်နာစရာကောင်းလှပါတယ်။မနက်ဖန်းဆိုရင် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သံဃာတော်များနှင့်အစိုးရအကြား ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလအတွင်းမှာ ဗုဒ္ဓဘာသာ သံဃာတော်တွေ ဦးဆောင်ပြီး မြန်မာနိုင်ငံတ၀ှမ်းလုံး ရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားမှုကြီး ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုကို စစ်အစိုးရက စက်တင်ဘာလ (၂၆) ရက်နေ့မှာ လက်နက်နဲ့ဖြိုခွဲခဲ့လို့ သံဃာတော်တွေ သွေးမြေကျခဲ့ရသလို ရွှေဝါရောင်တော်လှန်ရေးကို ဦးဆောင်တဲ့ သံဃာတော်တွေလည်း ဖမ်းဆီးခံရကာ လူဝတ်လဲ အကျဉ်းချခံခဲ့ရသည် အပြင့် ပြည်ပနိုင်ငံတွေကို ထွက်ပြေးခိုလုံခဲ့ကြရပါတယ်။
ထောင်တွေထဲမှာ သံဃာတော်တွေကိုဖမ်းဆီးထားတာ ()နှစ်ပြည့်ပါပြီ၊ စက်တင်ဘာတော်လှန်ရေး ကာလအတွင်းက သံဃာတော်တွေတောင်းဆိုခဲ့တဲ့ ပခုက္ကူသံဃာတော်တွေကို ၀န်ချတောင်းပန်ဖို့အပါအ၀င် လောင်စာဆီနဲ့ကုန်ဈေးနှုန်းလျော့ချပေးဖို့၊ နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်းပြန်လွှတ်ပေးဖို့နဲ့ လူထုတွေရဲ့ အထွေထွေအကြပ်အတည်းကို ဖြေရှင်းနိုင်ဖို့ တွေ့ဆုံဆွေးနွေးပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး ချက်ချင်းပြုလုပ်ဖို့ စတဲ့ အချက် () ချက်ကိုလည်း စစ်အစိုးရရော အခု သူတို့ကိုယ်သူတို့ ဒီမိုကရေစီအစိုးရလို့ပြောနေတဲ့ အစိုးရကရော ဘာတခုမှ လိုက်လျောတာ မရှိသေးပါဘူး။ ဒါကြောင့် သံဃာတော်တွေကလည်း ပတ္တနိက္ကုဇ္ဖုန ကမ္မ၀ါရွတ်ဆိုပြီး ကံဆောင်သပိတ်မှောက်ခဲ့တာ အခုချိန် သပိတ်မလှန်သေးပါဘူး ဒါတွေကို မမေ့မလျော့ပဲ သံဃာတော်တွေ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွတ်မြောက်ဖို့ လုပ်ဆောင်ဖို့လိုတဲ့အတွက် တိုက်တွန်းခြင်းပါတယ်။
မြန်မာနိုင်ငံတွင်းက ဘုန်းကြီးကျောင်းပေါင်း (၆၀) ကျော်ကို ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့လို့ဆိုကာ စစ်အစိုးရက ချိတ်ပိတ်ခဲ့ပြီး အခုချိန်ထိ ရန်ကုန်တိုင်းအတွင်းမှာ ချိတ်ပိတ်ထားဆဲ ဘုန်းကြီးကျောင်းပေါင်း (၂၀) ကျော်ရှိနေသေးသည်။
သံဃာတော်တွေကိုလည်း ဖမ်းဆီးထောင်ချခဲ့ပါတယ်။ အဲဒီထဲက ဦးဆောင်သံဃာတော်တွေဟာ နယ်ဝေးထောင်မှာ အကျဉ်းကျခံနေရဆဲဖြစ်ပါတယ်။ အဲလိုအကျဉ်းထောင်တွေထဲမှာ သံဃာတော် အပါးပေါင်း ၂၀၀ ကျော်ဟာ ဒုက္ခရောက်နေရတယ်”
အခုချိန်ထိ တိုင်းရင်းသားပြည်သူလူထုတွေကို ဖိနှိပ်ဆဲ အစိုးရကို သံဃာတော်တွေက သပိတ်မလှန်ပဲ ကံဆောင်သပိတ်မှောက်ထားတာကို သိစေချင်တာရယ်။ ဦးဇင်းတို့ တောင်းဆိုချင်တာကတော့ သံဃာတော်တွေအပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ ပြည်သူလူထုတွေရဲ့အကြပ်အတည်းတွေ ပြေလည်ဖို့ တွေ့ဆုံဆွေးနွေးပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ဖို့ပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီအင်အားစုတွေ တိုင်းရင်းသားတွေနဲ့ လုပ်ဖို့ပါပဲ။
၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ ()အတိတ်သမိုင်းဖြစ်စဉ်။
၂၀၀၇ ခုနှစ်၊ စက်တင်ဘာလမှာဖြစ်ပွားခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးဟာ ပခုက္ကူသံဃာတော်တွေကနေ ပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ အထွေထွေအကြပ်အတည်းတွေကနေ ကင်းအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စီတန်းကြွချီ မေတ္တာသုတ်ရွတ်ဖတ်တာကို အာဏာပိုင်တွေဘက်က အကြမ်းဖက်ရိုက်နှက်ဖြိုခွဲခဲ့ရာက စတင်ခဲ့ခြင်း ဖြစ်သည်။
တတိုင်းတပြည်လုံးက သံဃာတော်တွေက အဲဒီတုန်းက စစ်အစိုးရအာဏာပိုင်တွေကို ပခုက္ကူသံဃာတော်တွေကို ၀န်ချတောင်းပန်ဖို့အပါအ၀င် လောင်စာဆီနဲ့ကုန်ဈေးနှုန်း လျော့ချပေးရေး၊ နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်း ပြန်လွှတ်ပေးဖို့နဲ့ လူထုတွေရဲ့ အထွေထွေအကြပ်အတည်းကို ဖြေရှင်းနိုင်ဖို့ တွေ့ဆုံဆွေးနွေးပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး ချက်ချင်းပြုလုပ်ဖို့ စတဲ့ အချက် () ချက်ကို တောင်းဆိုပြီး စစ်အစိုးရကို ပတ္တနိက္ကုဇ္ဖုန ကမ္မ၀ါရွတ်ဆိုကာ ကံဆောင်သပိတ်မှောက်ခဲ့တာ ဖြစ်သည်။
အခုချိန်ထိ သံဃာတော်တွေ တောင်းဆိုခဲ့တဲ့ အချက် ()ချက်စလုံးကို စစ်အစိုးရလက်ထက်ကရော အခု သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်အထိ လိုက်လျောခြင်းမရှိသေးပဲ အာဏာကို ဆက်လတ်ဆုပ်ကိုင်ထားဆဲဖြစ်ပါတယ်။
ရွှေဝါရောင်တော်လှန်ရေးသစ္စာဖြင့် ဖျာပုံ နဒီ

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။